Connect with us

Politics, Law & Military

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၉ ဦးအား ဇူလိုင်လ ၃၀ ရက်နေ့တွင် ထပ်မံလွှဲပြောင်းရန် ညှိနှိုင်းလျက်ရှိ

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အနီးတွင် ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ ဘင်္ဂလီလူမျိုး ဒုက္ခသည်များ (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန်၊ဇူလိုင်၂၆ရက်(ဆင်ဟွာ)

တောင်ပြို (လက်ဝဲ)စခန်း၌ ယာယီစောင့်ရှောက်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၉ ဦးအား ဇူလိုင်လ ၃၀ ရက်နေ့တွင် ထပ်မံလွှဲပြောင်းရန် ညှိနှိုင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

တောင်ပြို (လက်ဝဲ)စခန်း၌ ကျန်ရှိနေသည့် လှေစီးသွားလာသူ ၃၈၉ ဦးအနက် ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်၍ ပြန်လည်လက်ခံရန် အတည်ပြုပြီးဖြစ်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၅၉ ဦးကို ဇူလိုင် ၃ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထပ်မံလွှဲပြောင်းရန် နှစ်ဖက်ညှိနှိုင်းလျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ ကျန်ရှိနေ သော လှေစီးသွားလာ သူများ ကို စိစစ်၍ ၎င်းတို့ ၏ မူရင်းနေရပ်သို့ အမြန်ပြန်လည် ပို့ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ယာယီစောင့်ရှောက်ထားသူများကိုလည်း လူသားချင်း စာနာထောက်ထားမှု အခြေခံဖြင့် အကူအညီ များ ထောက်ပံ့ပေးလျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ၂ဝ၁၅ ခုနှစ် မေ ၂၁ ရက်နှင့် ၂၉ ရက်က မြန်မာရေပိုင်နက် အတွင်း ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူများကို ၎င်းတို့၏ မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက် ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၃၄၂ ဦးကို သုံးသုတ်ခွဲ၍ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ (Xinhua)