Connect with us

Politics, Law & Military

ရွေးကောက်ပွဲကနေ နိုင်ငံ အနာဂတ်ကို ပြောင်းလဲနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွင် မိန့်ခွန်း ပြောနေစဉ် (ဆင်ဟွာ)

ကျိုက်လတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံ အနာဂတ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲကနေ နိုင်ငံ အနာဂတ်ကို ပြောင်းလဲနိုင်သည်ကို ယုံကြည်ကြောင်း မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျိုက်လတ်မြို့တွင် ယနေ့ ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော် သမ္မတ ရာထူးထက် ပြည်သူလူထုကို အကျိုးပြုနိုင်သည့် နေရာ၌ လုပ်ဆောင်နိုင်လျှင် ကျေနပ်ကြောင်း
၎င်းကလည်း ဆိုသည်။

“ပုဒ်မ ၅၉ (စ) ဟာ ကျွန်မတစ်ယောက်ထဲကို သမ္မတ မဖြစ်နိုင်အောင် ရည်ရွယ်ထားတဲ့ ပုဒ်မပါ ကျွန်မ သမ္မတ ရာထူးကို မမက်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်ရန် ပြည်သူလူထု တစ်ရာ ရာခိုင်နှုန်း ထောက်ခံပေးရန် လိုအပ်ပြီး အဆိုပါ ပုဒ်မ မပြင်နိုင်ခင် ကာလအတွက် အဖွဲ့ချုပ် စီစဉ်ထားမှုများ ရှိကြောင်း ရွေးကောက်ပွဲ အနိုင်ရလျှင် အစိုးရ ဘယ်လိုပုံစံနှင့် ဖွဲ့စည်းမည်ကို စဉ်းစား ထားကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့ရှိ တိလောကမာရဇိန် ဘုရားကြီးဝင်း အတွင်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာပြီး လူထုနှင့် ပထမဆုံး တွေ့ဆုံ ဟောပြောခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိပြီး အစိုးရ ဖွဲ့နိုင်လျှင် အမျိုးသား ရင်ကြားစေ့ရေးကို ပထမဆုံး လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်နှင့် ပြည်သူကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများ ကြားရင်ကြား စေ့ရေးနှင့် အစုအဖွဲ့များကြား ရင်ကြား စေ့ရေး များကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ရှိလာစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ တရားသူကြီး နှင့် ရှေ့နေများကို အရည်ချင်း မြင့်တင်ခြင်း၊ ရဲတပ်ဖွဲ့ကို အရေသွေးမြင့်ခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဧရာဝတီတိုင်း အတွင်းရှိ မြို့များမှ ဒေသံခံထောင်နှင့်ချီ တက်ရောက် ခဲ့ပြီး ဒေသခံအချို့ မေးမြန်းသော မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.