Connect with us

Politics, Law & Military

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၆ ဦး ရှိဟုဆို

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနေသူများ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ဇူလိုင်လ ၂၆ ရက်နေ့အထိ ၄၆ ဦးရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ တရားဝင် သတင်း ထုတ်ပြန်သည်။

“မနေ့ကအထိ စာရင်းပေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေမှာ ပြည်သူ့လွှတ်တော် အတွက် ၁၀ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၄ နေရာ၊ တိုင်းဒေသကြီး / ပြည်နယ် မဲဆန္ဒနယ်အတွက် ၂၃ နေရာ၊ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၉ နေရာစာ စာရင်း ပေးထားပါတယ်’’ ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူက ဆင်ဟွာကို ပြောသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၆ ဦးတွင် တစ်သီး ပုဂ္ဂလဝင်ပြိုင်ရန် စာရင်း တင်သွင်းထားသူများမှာ အမျိုးသားလွှတ်တော်၁နေရာ၊ တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ နေရာ၊ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ နေရာဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၃ နေရာ စာရင်း ပေးထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းဒေကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်နေရာ အတွက် အမည်စာရင်း ပေးသွင်းထားပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် အတွက် ၂ နေရာ၊ အမျိုးသား လွှတ်တော ်အတွက် ၁ နေရာ၊ တိုင်းဒေသကြီး / ပြည်နယ်အတွက် ၂ နေရာ စုစုပေါင်း ၅ နေရာ စာရင်း ပေးသွင်းထားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ပြည်သူ့ လွှတ်တော် ၃ နေရာ၊ အမျိုးသား လွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော် ၃ နေရာ စုစုပေါင်း ၇ နေရာ စာရင်း ပေးသွင်းထားသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ပြည်သူ့ လွှတ်တော် ၄ နေရာ၊ အမျိုးသား လွှတ်တော် ၁ နေရာ၊ တိုင်း ဒေသကြီး / ပြည်နယ် ကိုယ်စားလှယ် ၈ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၁ နေရာ စုစုပေါင်း ၁၄ နေရာ စာရင်း ပေးသွင်းထားသည်။

စည်းလုံးညီညွတ်သော ကရင် အမျိုးသားပါတီမှ တိုင်းဒေကြီး / ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ နေရာနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၁ နေရာ စုစုပေါင်း ၃ နေရာ အတွက် အမည်စာရင်း ပေးသွင်း ထားသည်။
ချင်းအမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၁ နေရာ စုစုပေါင်း ၂ နေရာ အမည်စာရင်း တင်သွင်းထားသည်။

စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီ ပါတီ(ကချင်ပြည်နယ်) မှ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁နေရာ အမည်စာရင်းပေးသွင်းထားသည်ဟု သတင်းထုတ်ပြန်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၈၈ ခု ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဝက်ဘ်ဆိုဒ်တွင် သတင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.