Politics, Law & Military
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူ ၉၇ဦးအား အမှုဖွင့်စစ်ဆေးနေဟု အစိုးရထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူ ၉၇ဦးအား အမှုဖွင့် စစ်ဆေးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်နေသူ ၉၇ဦးကို အမှုဖွင့်ထားရာ တရားရုံး၌ စစ်ဆေးမှု နှစ်ဦး၊ တရားရုံးပြီးပြတ်မှု ၂၃မှုနှင့် ရဲစစ်ဆေးနေမှု ၇၂ဦး တို့ဖြစ်သည်။ မောင်တောအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး အခင်းဖြစ်ပွားချိန်မှ ဒီဇင်ဘာ ၉ရက်နေ့ထိ ချုပ်ရီမန်ဖြင့် တရားခံ ၅၇၅ဦး ဖမ်းဆီးစစ်ဆေးလျက်ရှိရာ ရဲစစ်ဆေးဆဲ ၄၇၀ဦး၊ တရားရုံးအပြီးသတ် ပြစ်ဒဏ်ချမှု ၈၈မှု၊ ပြန်လွှတ် ၁၀ဦး၊ တရားရုံး အာမခံ တစ်ဦးနှင့် ရဲစစ်ဆေးဆဲ သေဆုံးသူ ခြောက်ဦးတို့ဖြစ်သည်။
ယင်း အကြမ်းဖက်တိုက်ခိုက်စဉ်အတွင်း အသေတွေ့ရှိမှု အလောင်း ၇၀ရှိပြီး ရီမန်မယူခေါ်စစ်ဆေးပြီး ပြန်လွှတ် ၄၉ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)