Connect with us

Politics, Law & Military

မြန်မာ့ပင်လယ်ပြင်၌ ငါးသလောက် ငါးဖမ်းဆီးရရှိမှုမှာ ယခင်နှစ်ကထက်များပြား

ဈေးကွက်အတွင်းရှိ ငါးသလောက်များအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ မြန်မာ့ပင်လယ်ပြင်၌ ငါးသလောက် ငါးဖမ်းဆီးရရှိမှုမှာ ယခင်နှစ်ကထက်များပြား ခဲ့ကြောင်း၊ ကမ်းရိုးတန်းဒေသရှိတိုင်းဒေသကြီး/ပြည်နယ်များ ဖြစ်သော ရခိုင်ပြည်နယ်၌ ပိဿာချိန် ၂၂,၅ဝဝဝ ခန့်၊ ဧရာဝတီ တိုင်းဒေသကြီး၌ ပိဿာချိန် ၇၃ဝ,ဝဝဝ ခန့်၊ ရန်ကုန်တိုင်း ဒေသကြီး၌ ပိဿာချိန် ၁,၂ဝဝ,ဝဝဝ ခန့်နှင့် မွန်ပြည်နယ်၌ ပိဿာချိန် ၈၄,ဝဝဝ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါး/ ပုစွန်သယံဇာတထိန်းသိမ်းနိုင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရေးအတွက် ၂ဝ၁၅-၂ဝ၁၆ ငါးဖမ်းရာသီ အတွက် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာကို ၂ဝ၁၆ ခုနှစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး၂ဝ၁၆- ၂ဝ၁၇ ငါးဖမ်းရာသီ ကို စက်တင်ဘာ ၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ငါးအထိအမိများခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ငါးသလောက်ဖမ်းဆီး ရရှိမှု အရွယ်အစားမှာ ခန့်မှန်း ၃ဝဝ ဂရမ်မှ ၅ဝဝ ဂရမ်အထိ ဖမ်းဆီးရမိကြောင်း ငါးချဆိပ်ကမ်းများသို့ ငါးဖမ်းရေယာဉ် ဝင်ရောက်မှုများ၊ ကုန်တက်စာရင်းရရှိမှုအခြေအနေများနှင့် ရေလုပ်ငန်းရှင်များထံမှ သိရသည်။

နှစ်စဉ်ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာအဖြစ်သတ်မှတ် ပိတ်ပင်ထားသော

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများသည် ယေဘူယျအားဖြင့် ငါး/ပုစွန်သားပေါက်ပွားကြီးပြင်း ချိန်ဖြစ်ရာ ဥဆောင်ငါးများ လွတ်မြောက်မှု ပိုမိုများပြားလာနိုင်ပြီး ငါးပေါက်ပွားကြီးပြင်း ချိန်ရရှိလာခြင်း၊ အရွယ်မရောက်သေးသော ငါး/ပုစွန်များကို ဖမ်းဆီးရမိခြင်းမှထိန်းသိမ်း ကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.