Politics, Law & Military
မြစ်ကြီးနားမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံး ၁၂ တန် ဖမ်းဆီးရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၁၄ ရက်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံး ၁၂တန်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ နမ္မတီးဘက်မှ မြစ်ကြီးနား ဘက်သို့ မောင်းနှင်လာသော (၁၂)ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်၏ကြမ်းခင်းနှင့် ကိုယ်ထည်ကြားတွင် အံဝှက် ပြုလုပ်၍ သယ်လာသည့် ဆာလာအိတ်ပေါင်း ၃၀၀ အိတ်ဖြင့် ထည့်ထား သည့် တရားမဝင်ကျောက်စိမ်း ရိုင်းတုံး ၁၂ တန်ခန့်(တန်ဖိုး-စိစစ်ဆဲ)အား ဖမ်းဆီးရမိခဲ့ပြီး အမှု ဖွင့်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။(Xinhua)