Connect with us

Politics, Law & Military

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနား ကျင်းပမည်

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားတွင် ပါဝင် ပြသမည့် စာအုပ်များအား ခင်းကျင်း ပြသထားစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက် သူတိုင်း စာပေ ဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေး အတွက် အားပေးလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဒီဇင်ဘာ ၂ဝ ရက် နှင့် ၂၁ ရက်တို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုကဲ့သို့ လှုပ်ရှားမှုများကို နိုင်ငံအနှံ့တွင် ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားခဲ့သည်။စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားတွင် နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ အနက် ဆန်းသစ် တီထွင်မှု အကောင်းဆုံး စာကြည့်တိုက် ၂ဝ ကို ဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ငါးခု ၊ စာတမ်းသုံးစောင်ကို ဖတ်ကြား ရှင်းလင်း သွားမည် ဖြစ်သည့် အပြင် ပြခန်း ၂၆ ခန်း ပြသရန် လျာထားကြောင်း ၊ စာအုပ်ဈေးရောင်းပွဲတော်များ ကိုလည်း ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို ဒီဇင်ဘာ ၂ဝ ရက် နှင့် ၂၁ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာနိုင် ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117