Politics, Law & Military
မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ အပြန်အလှန် အကူ
အကူအညီပေးရေးကိစ္စရပ် များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး တက်ရောက်ရန်နှင့် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးH.E. Mr. Teodoro L. Locsin, Jr.အား မေ ၂၂ ရက် မွန်းလွဲ(၃) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xihua)