Connect with us

Politics, Law & Military

မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတို့တွေ့ဆုံဆွေးနွေးစဉ်(MOFA)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတို့ တွေ့ဆုံဆွးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် မြန်မာ-လာအို ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်၌ အပြန်အလှန် ထောက်ခံပေးသွားရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG အား မေ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.