Connect with us

Politics, Law & Military

ရခိုင် တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများ ဆွေးနွေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(MOI)

ရန်ကုန်၊ မေ ၂၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandiတို့သည် မေ ၂၂ ရက်က တွေ့ဆုံပြီး တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်အစိုးရနှင့် UNHCR ၊UNDP တို့အကြား လက်မှတ်ရေးထိုး ထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် သက်တမ်း တိုးမြှင့်ရေး၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်း၏ အကျိုး ကျေးဇူးများကျယ်ပြန့်စွာသိရှိနိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandiတို့သည် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တို့ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi သည် စစ်တွေမြို့နယ်အတွင်းရှိ ဆေးသမားကြီး IDP စခန်းနှင့် ခေါင်းဒုက္ကာ(၂) IDP စခန်း တို့သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr.Fillippo Grandi အား မေ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)