Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ လက်နက်နှင့် ကျည်တောင့်များ သိမ်းဆည်းရမိ

မောင်တော-အလယ်သံကျော် နယ်မြေအတွင်း အကြမ်းဖက်တိုက်ခိုက်သူများနှင့် တိုက်ပွဲဖြစ်ပွားရာပြ မြေပုံ(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ လက်နက်နှင့် ကျည်တောင့်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျေးရွာအတွင်း MA-11 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်းတစ်စုံ၊ အလံ နှင့်တံဆိပ်ပါ လည်စီး ၄၀ ခုနှင့် ဓားရှည်တစ်ချောင်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ အလယ်သံကျော်နယ်မြေရုံးအား အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် အင်အား ၅၀ ဦးခန့်ဖြင့်တစ်ကြိမ်၊ အင်အား ၂၀ ဦး ခန့်ဖြင့် တစ်ကြိမ်နှင့် အင်အား ၁၅ ဦးခန့်ဖြင့် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ချဉ်းကပ်လာသဖြင့် ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ဝါးပိတ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု၊ ဝါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက်(ဘ) ဖွေဘာမောက်အား ဖမ်းဆီးရမိခဲ့သည်။ (Xinhua)