Connect with us

Politics, Law & Military

နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသော အထူး အစည်းအဝေး ကျင်းပ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသော အထူး အစည်းအဝေး ကျင်းပနေစဉ်(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသောအထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အခြေအနေ၊ အကြမ်းဖက်သမားများ၏ ဆောင်ရွက်ချက်နှင့် နောက်ခံ အကြောင်းအရာများ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် ှSSA အဖွဲ့၏ ဆောင်ရွက်ချက်များ၊”ဝ” အထူးဒေသ(၁)နှင့် အထူးဒေသ(၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေမျာနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား တိုက်ပွဲဝင်အသင့် စွမ်းရည်မြှင့်တင်ရေး အတွက် ဆောင်ရွက်မည့် အစီအမံများကိုလည်း ဆွေးနွေးကြသည်။

ယင်းအစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော်အတိုင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောကဆွေးနွေးကြသည်။(Xinhua)