Politics, Law & Military
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးခန့်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတစ်ဦးအား ဒီဇင်ဘာ ၉ရက်တွင် နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးဗရတ်ဆင်းအား ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။