Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီ(၂)ခု ပူးပေါင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီ(၂)ခု ပူးပေါင်းအစည်းအဝေးကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှ ယနေ့ သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးတွင်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ပုလဲခန်းမ၌ ပြည်သူ့ငွေစာရင်းကော်မတီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီတို့သည် ၂၀၁၈ ခုနှစ် (၆)လ ဘတ်ဂျက်အတွင်း ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို စိစစ်ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)