Connect with us

Politics, Law & Military

မှုခင်းများ မြန်ဆန်စွာပြီးစီးရန် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးသိန်းပြောကြား

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မြန်ဆန်ဆန်နှင့် မှုခင်းတွေကိုပြီးစီးအောင် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။

မြန်မြန်ဆန်ဆန်နှင့်မှုခင်းတွေကို ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့အတွက် ဌာနဆိုင်ရာအသီးသီးကြားမှာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ အဓိကထားပြီး ပြောချင်တာကတော့ ပြည်ထောင်စု တရားသူကြီးချုပ်ကနေ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တရားရေး မဏ္ဍိုင်လည်း ပြုပြင်ပြောင်းလဲရေးတွေ ရှိနေတဲ့အတွက် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ဆောင်ရွက်နေတဲ့ အခြေအနေထဲမှာ တိုးတက်တဲ့ ပြင်ဆင်မှုဖြစ်ဖို့အတွက်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနဲ့ ဌာနဆိုင်ရာအသီးသီးတွေဟာ ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် မှုခင်းဆောင်ရွက်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ တရားစီရင်ရေး မဏ္ဍိုင်ဘက်မှာ ဆောင်ရွက်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ မြန်မြန်ဆန်ဆန်နဲ့ မှုခင်းတွေကို ပြီးစီးအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ဌာနဆိုင်ရာအသီးသီးကြားမှာ ပေါင်းစပ်ညှိနှိုင်းမှုတွေကို ဆောင်ရွက်သွားဖို့က မရှိမဖြစ် လိုကို လိုအပ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

မှုခင်းတစ်ခု ဖြစ်လာပြီဆိုလျှင် ပထမဦးဆုံး ရဲတပ်ဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ကြရကြောင်း၊ သို့မဟုတ်လျှင် ဌာနဆိုင်ရာများက တရားစွဲဆိုခြင်းဆိုင်ရာ ကိစ္စရပ်တွေရှိကြောင်း၊ ဒီအခြေအနေတွေကတစ်ဆင့် ဥပဒေအကြံပြုချက်တွေ မြန်မြန်ဆန်ဆန်နှင့်ရနိုင်ဖို့အတွက် လိုအပ်ကြောင်း၊ ဥပဒေအကြံပြုချက်များ ကြန့်ကြာနေလျှင် တရားစီရင်ရေးမဏ္ဍိုင်သည်လည်း ကြန့်ကြာနေမည် ဖြစ်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းရာတွင်ဖြစ်စေ၊ ဌာနဆိုင်ရာများမှ တင်ပို့သည့် ကိစ္စများဖြစ်စေ အမှုများကို အမြန်ဆုံးစစ်ဆေးရန် လိုအပ်သည့် အတွက်ကြောင့် ဥပဒေဘက်မှ အကြံပြုချက်များကို မြန်မြန်ဆန်ဆန် ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ဌာနဆိုင်ရာတွေကနေ မှုခင်းကို တရားရုံးကို တင်ပို့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကိုလည်း မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်၊ ပြစ်မှုပြစ်ဒဏ်တွေကို တရားမျှတစွာ မြန်မြန်ဆန်ဆန်ု ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဓိကကတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကနေ ဆောင်ရွက်လာတဲ့ မှုခင်းတွေဟာ များများစားစား ဖြစ်နေပါတယ်။ ဒီကိစ္စရပ်တွေကို ကြန့်ကြာနေမယ်ဆိုရင် အုပ်ချုပ်ရေး ယန ္တရားဘက်ကနေပြီးတော့ စီမံခန့်ခွဲရတဲ့ ကိစ္စရပ်တွေမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးအရ ဆောင်ရွက်တဲ့ ကိစ္စရပ်ကမှ ထိထိရောက်ရောက် ဖြစ်မလာဘူးဆိုတဲ့ အခြေအနေမျိုးကို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာအသီးသီးဘက်ကနေ ဆောင်ရွက်တဲ့ မှုခင်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ကျွန်တော့်အနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ဘက်မှာ မြန်မြန်ဆန်ဆန် ဖြစ်နေဖို့အတွက် ဌာနဆိုင်ရာအသီးသီးကနေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ဖို့ လိုပါတယ် ’’ဟု ဝန်ကြီးချုပ်က ပြောသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်းကို အသေးစိပ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီးဝန်ကြီးချုပ်က ယခင်ကထက်ပိုပြီး ပြည်သူလူထု၏ ယုံကြည် ကိုးစားနိုင်သည့် တရားရုံးများဖြစ်ရန် ြကိုးစားစေချင်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် တရားရုံး၏ အဆုံးအဖြတ်သည် မိမိတို့ဘဝများကို အကာအကွယ်ပေးနိုင်သည်ဆိုသည့် ယုံကြည်မှုတစ်ရပ်ကို တရားစီရင်ရေးမဏ္ဍိုင်က ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံတစ်ဝန်းမှုခင်းကျဆင်းရေး ကိစ္စရပ်များကို စီမံဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစည်းအဝေးသို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဝင်းဆွေ၊ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရှေ့နေများ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.