Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း၂၀၁၉ ခုနှစ်ထဲတွင် စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ကြီး၏ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေကို ကုစားပေးနိုင်ရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို ကမ္ဘာ့ဘဏ်လက်အောက်ခံ IFC နှင့် ညှိနှိုင်းခဲ့ပြီးလာမည့် ၂၀၁၉ ခုနှစ်ထဲတွင် စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရုံမက အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရန်လည်း မျှော်မှန်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ (၂)နှစ်ခွဲတာကာလအတွင်းတွင် PPP (Public Private Partnership) စနစ်နှင့် အခန်း(၄၀၀၀)ကျော်၊ ကုမ္ပဏီများအနေနှင့် အခန်း(၆၀၀၀)ကျော်၊ စုစုပေါင်း အခန်းပေါင်း (၁) သောင်းကျော် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင်ရှိသည့် မြို့ပေါင်း (၃၃)မြို့၏ မြို့ပြစီမံကိန်းများကို ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့်ပူးပေါင်းပြီး မြို့ပြစီမံကိန်းများ ပြန်လည် ရေးဆွဲနေကြောင်း၊ မြို့ပြနှင့်အိမ်ရာများကို စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့် (၃) နှစ်တာ ကာလအတွင်း ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော် အများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉-၉-၂၀၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်မှ ကောက်နှုတ်ချက်အဖြစ်နိုင်ငံတော်သမ္မတရုံး မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)