Connect with us

Politics, Law & Military

ရွေးကောက်ပွဲများကျင်းပရာတွင် စံ(၅)ချက်အပေါ် အခြေခံဆောင်ရွက်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွေ့ဆုံပွဲ(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်လက်ခံသော ရွေးကောက်ပွဲ ဖြစ်မှုနှင့် ပြည်သူ့ ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ(၅)ချက်အပေါ် အခြေခံဆောင်ရွက်လျက်ရှိကြောင်း ဦးလှသိန်းက ပြောကြားသည်။

စံ(၅)ချက်နှင့် ညီသည့် ရွေးကောက်ပွဲများ ဖြစ်စေရေး အတွက် ရွေးကောက် ပွဲကော်မရှင် တစ်ခုတည်းသာမက ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စီကိုယ်စီတာဝန် ယူမှု၊ တာဝန်ခံမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းများသည် ကော်မရှင်တစ်ခုတည်း ဆောင်ရွက်ရသည်မဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် မဲဆန္ဒရှင် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက် ရသည့် လုပ်ငန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြိုတင်မဲပေးခြင်း၊ မဲရုံများ၌ မဲပေးခြင်း လုပ်ငန်းစဉ်များ ကြီးကြပ်ဆောင်ရွက်သည့် ကိစ္စများနှင့် ရလဒ်များရေတွက် ခြင်း၊ ကပ်ထားကြေညာခြင်း လုပ်ငန်းစဉ်များတွင်လည်း ပွင့်လင်းမြင် သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် အရေးကြီး ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲရှိသည့် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲမရှိသည့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့်လည်း နောင်ကျင်းပမည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.