Politics, Law & Military
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များဖိတ်ခေါ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း’နှင့် ပတ်သက်၍ အကြံပြုချက်များအားဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သို့ တင်သွင်းသော ”ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း” ကို စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန်အတွက်https://www.dropbox.com/s/lk7eecbe2v34hmk/YCDC%20Law%20part%201.pdf?dl=0 လင့် တွင် Download ရယူနိုင်ကြောင်း သိရသည်။
စည်ပင်ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုစာပေးပို့လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သို့လိပ်မူ၍ဖြစ်စေ၊ [email protected] သို့ဖြစ်စေပေးပို့နိုင်ပါကြောင်း အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)