Connect with us

Politics, Law & Military

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များဖိတ်ခေါ်

ရန်ကုန်လွှတ်တော်၏ အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း’နှင့် ပတ်သက်၍ အကြံပြုချက်များအားဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သို့ တင်သွင်းသော ”ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း” ကို စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန်အတွက်https://www.dropbox.com/s/lk7eecbe2v34hmk/YCDC%20Law%20part%201.pdf?dl=0 လင့် တွင် Download ရယူနိုင်ကြောင်း သိရသည်။

စည်ပင်ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုစာပေးပို့လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သို့လိပ်မူ၍ဖြစ်စေ၊ [email protected] သို့ဖြစ်စေပေးပို့နိုင်ပါကြောင်း အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.