Connect with us

Politics, Law & Military

အွန်လိုင်းမှတိုင်ကြားသည့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအားအမှုပေါင်း ၁၈,၈၄၀ အထိ အရေးယူပြီးစီး

အွန်လိုင်းကွန်ပလိန်းစင်တာဖုန်းနံပါတ်ထုတ်ပြန်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--Yangon Traffic Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအား အွန်လိုင်းမှတိုင်ကြားနိုင်သည့် အွန်လိုင်းကွန်ပလိန်းစင်တာ (OCC) သို့ ပြည်သူများမှ Viberဖြင့်တိုင်ကြားမှုကို စတင်အရေးယူဆောင်ရွက်ခဲ့ရာ (၁၂.၈.၂၀၁၅)မှ (၃၁.၁.၂၀၁၈) ရက် နေ့ထိ အရေးယူမှု အမှုစာရင်း စုစုပေါင်း (၁၈,၈၄၀)ကျော် ရှိပြီဖြစ်ကြောင်း ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ Online Complaint Centre, Viber ဖုန်းနံပါတ်များသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖေါက်ဖျက်ကျူးလွန်သည့်ယာဉ်များအား တိုင်တန်းမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စတင်အရေးယူသည့်နေ့(၁၂.၈.၂၀၁၅)မှ (၃၁.၁.၂၀၁၈)ရက်နေ့ထိ အရေးယူမှု အမှုစာရင်းစုစုပေါင်း (၁၈၈၄၀)ကျော်ရှိသည့်အနက် လာရောက်ဒဏ်ဆောင်ပြီးသော အမှုစာရင်း ( ၁၂၅၄၆)ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

Viber ဖုန်းနံပါတ်များသို့ ပေးပို့တိုင်တန်းမည်ဆိုပါက ပြစ်မှု ထင်ရှားသည့်/သက်သေထင်ရှားသည့်/ယာဉ်နံပါတ် ထင်ရှားသည့် မှတ်တမ်းဓါတ်ပုံ၊ နေ့ရက်၊ အချိန် ၊ နေရာနှင့်အတူ ပေးပို့တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်ဟူ၍ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.