Politics, Law & Military
ရန်ကုန် တိုင်းဒေသကြီး၌ ၆ လ အတွင်း အမှုကြီး ၂၂၄ မှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ရန်ကုန် တိုင်းဒေသကြီး၌ ၆ လ အတွင်း အမှုကြီး ၂၂၄ မှု ဖြစ်ပွားပြီး ယင်းအမှုများထဲတွင် မုဒိမ်းမှု အများဆုံး ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်း ၆ လ အတွင်း မုဒိမ်းမှု ၉၆ မှု၊ လူသတ်မှု ၉၃ မှု၊ ဓားပြမှု ၁ မှု၊ ဖောက်ထွင်းမှု ၂ မှု၊ လက်နက်မှု ၁ စသည့် အမှုကြီးပေါင်း ၂၂၄ မှု ဖြစ်ပွားခဲ့ပြီး အခြားအမှုများ ဖြစ်သော ခိုးမှု၊ နာကျင်စေမှုနှင့် အခြားအမှု ၇,၂၅၃ မှု အပြင် ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ခြေချုပ်မှုတို့ အပါအဝင် အခြား ကြိုတင် ကာကွယ်မှုပေါင်း ၁,၈၅၉ မှုတို့လည်း ဖြစ်ပွားခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီး အတွင်းမှာ တရားဥပဒေ စိုးမိုးရေး ရရှိရန် အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းလျက်ရှိရာ တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ် ၄၄ မြို့၌ ထိရောက်သော တရားဥပဒေ စိုးမိုးရေး ဖြစ်ရေးအတွက် နယ်မြေများကို စိုးမိုးနိုင်ရမည် ဖြစ်ပြီး ပြည်သူများ ဥပဒေနှင့် အညီ နေတတ်သော အလေ့အကျင့် ရရှိလာအောင် ပြည်သူများ လိုလားချက်များကို ရဲတပ်ဖွဲ့အနေဖြင့် သိရှိရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။ (Xinhua)