Connect with us

Politics, Law & Military

အခွင့်အရေးနှင့် တာဝန် ဒွန်တွဲဆောင်ရွက်ကြရန် မှာကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အခွင့်အရေး တစ်ခုတည်းကိုသာ မစဉ်းစားဘဲ အခွင့်အရေးနှင့် တာဝန်တို့ကို ဒွန်တွဲပြီး ဆောင်ရွက်ကြမှသာ မိမိတို့နိုင်ငံသည် အမှန်တကယ် တန်ဖိုးရှီသည့် နိုင်ငံ ဖြစ်လာနိုင်ကြောင်း

နေပြည်တော် MICC II တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီက ယနေ့ကျင်းပသော မြန်မာအမျိုးသမီးများနေ့ အခမ်းအနား အဖွင့် မိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ပြောကြားခဲ့သည်။

ကလေးများကို ငယ်စဉ်ဘဝနေ စတင် ပြုစု ပျိုးထောင်ရသည့် အမျိုးသမီး များကိုအနေဖြင့် ကလေး များ၏ စိတ်ထဲ၌ မည်သို့သော တန်ဖိုးထားမှုမျိုး စွဲသွားစေချင်သလဲ ဆိုသည်ကို သေသေချာချာ စဉ်းစားပြီး ကလေးတွေကို ပြုစု ပျိုးထောင်ဖို့ လိုအပ်ကြောင်း၊ ပညာရေးဌာန၌ ၉၀ ရာခိုင်နှုန်း လောက်က အမျိုးသမီးများ ဖြစ်နေကာ ပညာရေးလောကထဲကို အမျိုးသားတွေ ပိုပြီး ဝင်လာတာကို မြင်လိုကြောင်း၊ သို့ရာတွင် တစ်ချိန်တည်းမှာ ရှိပြီးသား အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို လျှော့ တွက်၍ မရကြောင်း၊ အခြေခံပညာရေးမှာ အမျိုးသမီးများက ဦးဆောင်နေသည်ဆိုလျှင် မမှားကြောင်း၊ မူလတန်း ကျောင်းဆရာများ၏ ကဏ္ဍသည် အလွန် အရေးကြီးပြီး ကလေးများ၏ စိတ်ထဲမှာ ဘယ်လို တန်ဖိုးထားမှု စံနှုန်းများက အရေးပါသလဲဆိုသည်ကို စွဲသွားအောင် လုပ်ပေးနိုင်သည့် အချိန်အခါ ကောင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများသည် မိသားစု အတွင်းမှာတင် မကဘဲ ပညာရေးလောက အတွင်းမှာ၊ လူမှု အသိုက်အဝန်းအတွင်းမှာ အင်မတန်မှ အရေးပါလှကြောင်း၊ ထိုသို့အရေးပါသည့် ကဏ္ဍမှာ ရှိနေသော အခြေအနေကို နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်စေလိုကြောင်း၊ အမျိုးသမီးများအနေဖြင့် မြန်မာအမျိုးသမီးများနေ့မှာ မိမိတို့ နိုင်ငံကို ဘယ်လို ပုံစံ ဖြစ်စေချင်သလဲဆိုတာ အလေးအနက်ထားပြီးတော့ စဉ်းစားစေလိုကြောင်း၊ သားသမီး၊ မြေး မြစ်များကို ဘယ်လို လူ့အသိုက်အဝန်းမျိုးမှာ ကြီးပြင်းလာစေချင်သလဲ၊ ဘယ်လို လူ့ အသိုက်အဝန်း မှာ နေထိုင်သွားစေချင်သလဲ မိမိတို့ကိုယ်တိုင် အသက်ကြီးလာသည့်အခါ ဘယ်လို လူ့ အသိုက် အဝန်းကို ထားရစ်ခဲ့ချင်သလဲဆိုတာ လေးလေးနက်နက် စဉ်းစား စေလိုကြောင်း၊ ကိုယ့်နိုင်ငံဟာ တကယ့်ကို တန်ဖိုးရှိပြီး ခိုလှုံရာ လုံခြုံရာ နေရာတစ်ခု ဖြစ်ဖို့အတွက် အမျိုးသမီးများက ဘာတွေ လုပ်ပေးနိုင်သလဲ၊ ဘာတွေ လုပ်ပေးမလဲ ဆိုတာကို စဉ်းစားကြပြီး မည်သည့် တန်ဖိုးထားမှုများကို မည်သို့ ဖြန့်ချိပေးချင်သလဲ၊ မည်သည့် ပုံစံများဖြင့် ထိထိရောက်ရောက် ဖြန့်ချိပေးနိုင်သလဲ ဆိုတာကိုလည်း စဉ်းစားစေလိုကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ဖွင့်လှစ်စဉ်။(ဆင်ဟွာ)

ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖြေဖျော်နေစဉ်။(ဆင်ဟွာ)

နိုင်င့တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့် အမှာစကားပြောကြားစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြစဉ်။(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ ပြခန်းများ လှည့်လည် ကြည့်ရှုကြစဉ်။(ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော် သမ္မတကြီး၏ ဇနီး၊ အငြိမ်းစား သမ္မတကြီး၏ ဇနီး၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏ ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် ပြည်တွင်း ပြည်ပမှ ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.