Connect with us

Politics, Law & Military

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၃၁၀ ဦးအား နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် လက်ခံ ဆောင်ရွက်

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ကြိုဆို လက်ခံရေး ဆောင်ရွက်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသား များအား စတုတ္ထအကြိမ် ပြန်လည် လက်ခံရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ဇူလိုင် ၁ ရက်မှ ၃ ရက် အထိ နိုင်ငံသား စိစစ်ပြီးသူ စုစုပေါင်း ၃၁၀ ဦး သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် အဆင်ပြေ ချောမွေ့စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပြန်လည် လက်ခံရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ဇူလိုင် ၁ ရက်တွင် နို့ပိုး ၊ မယ်လ နှင့် အုန်းပြန် ဒုက္ခသည်စခန်းတို့မှ ၁၅၇ ဦးအား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ကြိုဆိုလက်ခံခဲ့ပြီး ဇူလိုင် ၂ ရက်တွင် ဘန်မနွိုင်ဆွိုင်း ၊ ထမ်ဟင်း ဒုက္ခသည် စခန်းတို့မှ ၃၄ ဦးသည် မြန်မာနိုင်ငံဘက် မယ်စဲ့ဂိတ် နှင့် ထီးခီးဂိတ်တို့တွင် ကြိုဆိုလက်ခံခဲ့ကြောင်း ၊ ဇူလိုင် ၃ ရက်တွင် အုန်းပြန် ၊ မယ်လ နှင့် မယ်လအုန်း ဒုက္ခသည် စခန်းတို့မှ ၁၁၉ ဦး တို့အား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်း လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်း နေရပ်ပြန် မြန်မာနိုင်ငံသား များအား မြန်မာဘက် တာဝန်ရှိသူများမှ လွှဲပြောင်း လက်ခံမှု အပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ခံရေး ကော်မတီဝင်များမှ နေရပ်ပြန်များ အခြေချနေထိုင်မည့် မူလ ဇာတိ ဒေသများ အရောက် ပို့ဆောင်ခြင်း၊ အိမ်ထောင်စုသုံး လတ်တလောထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများ ပေးအပ် ခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံသားဆိုင်ရာ အိမ်ထောင်စုဇယားပုံစံ-၁၀နှင့် နိုင်ငံသား ခိုင်မာမှုအဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ထို့အပြင် နေရပ်ပြန် မိသားစုဝင်များ အတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ များမှ အခန်းကဏ္ဍအလိုက် ဆက်လက်ကူညီ ဆောင်ရွက်ရန် ရှိကြောင်း ထုတ်ပြန်ထားမှုများ အရ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117