Connect with us

Politics, Law & Military

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုအမှုပေါင်း ၂၂မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်

လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အားတွေ့ရစဉ်)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုအမှုပေါင်း ၂၂မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး တွင် ၅မှု ၊ ရှမ်းပြည်နယ် တွင် ၄ မှု၊ မန္တလေးတိုင်းဒေသကြီး တွင် ၄ မှု၊ ပဲခူးတိုင်းဒေသကြီး တွင် ၄ မှု၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၃မှု၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၁ မှု၊ ကချင်ပြည်နယ် တွင် ၁ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)