Connect with us

Politics, Law & Military

ကမ္ဘောဒီးယားနိုင်ငံသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ သွားရောက်

ဒုတိယသမ္မတ ဦးမြင့်ဆွေ နေပြည်တော်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် မဲခေါင် – လန်ချန်းနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ ကမ္ဘောဒီးယားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။

ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယား နိုင်ငံသံအမတ်ကြီး H.E. Mr. Sok Chea နှင့်တာဝန်ရှိသူတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.