Connect with us

Politics, Law & Military

USDP ပါတီ၏ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းပြီး မျိုးဆက်သစ်လူငယ်များ ဦးဆောင်သွားမည်

USDP ပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လူထုနှင့် တွေ့ဆုံနေစဉ်(ဓာတ်ပုံ- USDP)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ယခင် သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီ၏ ဗဟိုဦးဆောင်ကော်မတီကို ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖျက်သိမ်းလိုက်ပြီး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော ဗဟိုအလုပ်အမှု ဆောင်ကော်မတီကို မျိုးဆက်သစ်လူငယ်များက ဆက်လက်ဦးဆောင် သွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ယခင် သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရ ဦးအေးမြင့်၊ ဦးလွန်းသီ၊ ဦး သောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာ၊ သူရဦးမြင့်အောင်၊ ဦးခင်အောင် မြင့်တို့ပါဝင်ကြောင်း သိရသည်။

ဗဟိုဦးဆောင်ကော်မတီဝင်များ၏ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေအရနှင့် ပါတီကို မျိုးဆက်သစ်လူငယ်များ လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်ရန်အတွက် ယခင် သမ္မတဟောင်းက လမ်းညွှန်သည့်အတွက် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ယင်း ဦးဆောင်ကော်မတီဝင်များက ပါတီဝင်များအဖြစ် ဆက်လက် ဝန်ရံသွားမည်ဖြစ်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။

ယင်း ဗဟိုဦးဆောင်ကော်မတီကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်ညီလာခံတွင် ရွေးချယ်တင်မြှောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.