Connect with us

Politics, Law & Military

ဘဏ္ဍာရေးနှစ်အဖြစ် ပြောင်းလဲကျင့်သုံးမည့် ကြားကာလ၌ အမျိုးသားစီမံကိန်းဥပဒေကြမ်းအဖြစ် ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်ပြောင်းလဲ ကျင့်သုံးရာတွင် ကြားကာလ၌ အမျိုးသားစီမံကိန်းဥပဒေကြမ်းအဖြစ် ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရာတွင် လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်သစ်တို့အကြား ကြားကာလဖြစ်သော၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ ကာလကို “ဘဏ္ဍာရေးနှစ် ပြောင်းလဲ ရေးကာလ”အဖြစ် သတ်မှတ်ပြီး ပေါင်းကူးဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအား ယင်း (၆)လတာ ကာလအတွင်း ဆောင်ရွက်မည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် ဦးစားပေးအစီအစဉ်များကိုလည်း (၆) လတာ အမျိုးသားစီမံကိန်းဥပဒေကြမ်းအဖြစ် ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်ပြောင်းလဲ ကျင့်သုံးမှာဖြစ်ပါတယ်။ ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေးနှစ်ကာလနဲ့အညီ နိုင်ငံတော် ရဲ့ အမျိုးသားစီမံကိန်းနဲ့ ဒေသန္တရစီမံကိန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစပြီး စီမံကိန်းကာလကို အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ် ပြောင်းလဲရေးဆွဲရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဆိုသည်။

ယခုကျင်းပသောအစည်းအဝေးသည် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လတာ ကာလအတွက် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းပြီး အတည်ပြုချက်ရယူရန် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။

“လက်ရှိနိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ မတိုးတက်သော်လည်း စိုက်ပျိုး ချိန်နဲ့ ရိတ်သိမ်းချိန်များမှာ ရာသီဥတုကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းနဲ့အတူ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေ၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနဲ့ အခြား ဝန်ဆောင်မှုတွေနဲ့ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာခြင်း စတဲ့ အချက်တွေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်”ဟု သမ္မတက ပြောသည်။

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသား စီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားစီမံကိန်းကော် မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.