Connect with us

Politics, Law & Military

ကော့သောင်းမြို့အနီး မြန်မာ့ ရေပိုင်နက် အတွင်း တရားမဝင်လှေ ၂ စင်း ဖမ်းဆီးရမိ

တောင်ကိုးရီးယားနိုင်ငံ၌ AI ရောဂါကူးစက်ခံထားရသော ကြက်များအား သုတ်သင်ရှင်းလင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၅ မိုင်ခန့်အကွာ၌ မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းသည် ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်စဉ် တရားမဝင်လှေ ၂ စင်းအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ရှပ်ဖမ်းဆီးနေသော အမျိုးသား ၅ ဦးပါသည့် ရှပ်ဆွဲလှေတစ်စင်းနှင့် အမျိုးသား ၂ ဦးပါသည့် ရှပ်သယ်လှေတစ်စင်းတို့အား ဇန်နဝါရီ ၁ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ ၇ ဦးနှင့်အတူ သိမ်းဆည်းရမိလှေများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.