Connect with us

Politics, Law & Military

နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဆိုပါက အုပ်ချုပ်ရေးကဏ္ဍ အပြောင်းအလဲ ပြုလုပ်ရမည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေဆို

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟို ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌ စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဆိုပါက အုပ်ချုပ်ရေးကဏ္ဍ အပြောင်းအလဲ ပြုလုပ်ရမည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟို ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌ ကျင်းပသည့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ(Civil Services Academy-CSA)ဖွင့်ပွဲနှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် အထက်ပါ အတိုင်းပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၌ အုပ်ချုပ်ရေးကဏ္ဍသည် နိုင်ငံရေး၊ စီးပွားရေးစသည့် ကဏ္ဍ အားလုံးနှင့် ဆက်စပ်ပြီး နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်မည် ဆိုပါက အဆိုပါ အပြောင်း အလဲများကို လက်တွေ့ ဖော်ဆောင်ပေးမည့် အုပ်ချုပ်ရေး ကဏ္ဍကို အပြောင်းအလဲလုပ် ရမည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

ယင်း အုပ်ချုပ်ရေး ကဏ္ဍပြုပြင် ပြောင်းလဲမှုဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် အရေးကြီးသကဲ့သို့ ဝန်ထမ်းအဖွဲ့ အစည်းအသီးသီးက ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်သည်လည်း အရေးကြီးပါကြောင်း ၎င်းက ပြောသည်။

နိုင်ငံတစ် နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက မည်သည့်ကဏ္ဍတွင်မဆို စီမံခန့်ခွဲ အုပ်ချုပ်မှု၊ ဝန်ဆောင်မှု၊ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် လူ့စွမ်းအား အရင်း အမြစ်သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.