Connect with us

Politics, Law & Military

ပုဏ္ဏားကျွန်းမြို့နယ်၌ ပေါက်ကွဲမှုဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့နယ်၌ ပေါက်ကွဲခဲ့သော အပိုင်းအစများအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်နဝါရီ ၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ် ပြန်သည်။

အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနှင့် သဲတက်ကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ပေါက်ကွဲမှုဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကားလမ်း၏အရှေ့ဘက် ၁၂ပေခန့်အကွာတွင် ပေါက်ကွဲပြီးစနက်တံအိမ်ခေါင်း တစ်ခု၊ ဓါတ်ခဲ နှစ်လုံးဆန့် ဓါတ်ခဲအိမ် နှစ်ခု၊ ဝါယာကြိုးများဖြင့် သွယ်တန်းထားသည့် ပလပ်စတစ်အိတ် တစ်ထုပ်၊ ယမ်းထည့်ထားသည်ဟု ယူဆရသည့် ပေါက်ကွဲပြီး ပလပ်စတစ် အစအနများကို တွေ့ရှိခဲ့သည်။

ဇန်နဝါရီ ၁ရက် မွန်းလွဲပိုင်းက မင်းပြားမြို့ ရန်ကုန်-စစ်တွေကားလမ်းအနီးရှိ မေလွမ်းရွာ၏ မြောက်ဘက် ၃မိုင်ခန့်တွင် လက်လုပ်မိုင်းအား အရှည် ၄ပေခန့်၊ အချင်း ၂လက်မခန့်ရှိ သံပိုက်တွင် ပန်နဆိုးနစ် ၉ ဗို့ ဓါတ်ခဲအား ဝါယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားပြီး ၃ပေခန့်ရှိ ငါးမူးလုံးသံချောင်း ၄ချောင်းဖြင့် မြေကြီးတွင် ငုတ်ရိုက်တပ်ဆင်ထားခြင်းဖြစ်သော လက်လုပ်မိုင်း ၁လုံး တွေရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.