Politics, Law & Military
ကျပ်သိန်း ၅ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ပုသိမ်ကြီး မြို့နယ်၌ ဖမ်းဆီး ရမိ

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)
ပုသိမ်ကြီး မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၅,၄၀၃ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ကံကြီးကုန်းကွက်သစ်၊ ၅၀x၅၁ လမ်းကြား၊ အေးမေတ္တာလမ်းရှိ စည်သူဝင်းထက်(ခ) သောမက်(ခ) စည်သူ(ခ) ဇီးကွက် ၏ နေအိမ်အား ဧပြီ ၁၉ ရက်တွင် မူးယစ် တပ်ဖွဲ့စု (၁၈)မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝင်ရောက်ရှာဖွေရာ အိပ်ခန်း အတွင်းရှိဗီရိုပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၀၇၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုကြောင့် စည်သူဝင်းထက်(ခ) သောမက်(ခ) စည်သူ(ခ) ဇီးကွက် အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။(Xinhua)