Connect with us

Politics, Law & Military

ကချင် ပြည်နယ် ဖားကန့်မြို့နယ်၌ ကျပ်သိန်းပေါင်း ၃၁,၄၀၀  တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ် ဆေးပြားများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ကချင် ပြည်နယ် ဖားကန့်မြို့နယ်၌ ဒီဇင်ဘာ ၅ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးချက်အရ ဒေသကာလ ပေါက်စျေး ငွေကျပ် ၃၁,၄၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)  ထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိပ်မူ-ဝှေခါ သွားလမ်းတွင် ဆိပ်မူကျေးရွာဘက်မှ ဝှေခါကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် တစ်စီးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ဒေသကာလ ပေါက်စျေး ငွေကျပ် ၂၇၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ပြား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ပေါ်ပေါက်ချက်အရ ယင်းစိတ်ကြွရူးသွပ်ဆေးပြားများအား ရောင်းချသူထံ ဆက်သွယ်ချိန်းဆိုခဲ့ရာ ဆိပ်မူ ကျေးရွာ အုပ်စု ၊  စပေါ့ကျေးရွာ၊ ဥရုချောင်းအနီးသို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ရောက်ရှိလာသဖြင့် စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကာ နေအိမ်တွင်ကျန်ရှိနေသေးကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု CCDAC ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထိုသို့ ပေါ်ပေါက်ချက် အရ ဆက်လက်ရှာဖွေရာ ရောင်းချသူ နေအိမ်မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၂၄,၀၀၀ ပြား ၊ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၆၂၈,၀၀၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုး ငွေကျပ် ၃၁,၄၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။ယင်းဖြစ်စဉ်အား ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများ ရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117