Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဆွေးနွေးပွဲ၌ အဆိုပြုချက် ခုနစ်ချက် သဘောတူနိုင်

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့၏ သတ္တမအကြိမ် မြောက် နှစ်ရက်ကြာဆွေးနွေးမှုတွင် အဆိုပြုချက် ခုနှစ်ချက်အား သဘောတူဆွေးနွေးနိုင်ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN) မှ တောင်းဆိုထားသော အချက်ရှစ်ချက်မှ အချက်ပေါင်း ခုနစ်ချက်အား သဘောတူညီ ဆွေးနွေးနိုင်ခဲ့ပြီး အဆိုပြုချက်နံပါတ် (၅) တစ်ချက်သာ အဓိကညှိနှိုင်း ဆွေးနွေးရန် ကျန်ရှိကြောင်း သိရသည်။

ရန်ကုန် မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ၏ အဆိုပြုချက်များအပေါ် အကျေ အလည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ၌ (DPN) ၏ အဆိုပြုချက် အချက်ရှစ်ချက်တွင် အချက် နံပါတ် (၁) မှ (၄)သည် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပြီးဖြစ်ကာ အချက်နံ ပါတ် (၆/၇/၈) တို့အား အကျေအလည် ဆွေးနွေးနိုင်ပြီး အချို့သော အချက်အနည်းငယ်အပေါ်တွင် စကားလုံး အသုံးအနှုန်းသာ ညှိနှိုင်းရန်လိုကြောင်း သိရသည်။

အဆိုပြုချက် နံပါတ်(၅)သည် တပ်နေရာချထားရေး ကိစ္စများ၊ နှစ်ဖက်တပ်များ လိုက်နာရမည့် ကိစ္စများ၊ ကြိုတင် သဘော တူညီမှု အစီအစဉ်များ၊ JMC နှင့် ပတ်သက် သည့် ကိစ္စများ ပါဝင်ကြောင်း သိရသည်။

ကျန်ရှိနေသည့် အချက်များအတွက် ဆွေး နွေးညှိနှိုင်းမှု အစီအစဉ်များကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ဆက်လက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.