Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှ သဘောတူချက် ၁၀ ချက်ရရှိ

နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ၀န်ကြီးအဆင့် MoU လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

နေပြည်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနတွင် ယနေ့နေ့လယ် ၃ း ၀၀ နာရီ၌ ပြုလုပ်သော အစည်းအဝေးသို့ မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြည်ထဲရေး ဝန်ကြီး ဌာန၊ ဝန်ကြီး Mr. Asaduzzaman Khan နှင့် အဆင့်မြင့် အရာရှိကြီးများ စုစုပေါင်း ၄၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တရား ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေး၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ လူဝင် လူထွက်မှုများ စိစစ်ရေးနှင့် နိုင်ငံသား စိစစ် လက်ခံရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး စသည့် ကဏ္ဍများ တွင် အဆင့်လိုက် ပူးပေါင်း ဆောင်ရွက်ရန် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား စိစစ်မှုများ ပြုလုပ်ပြီး လုပ်ထုံး လုပ်နည်း နှင့်အညီ စနစ်တကျ ပြန်လည် လက်ခံနိုင်ရေးတို့အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံ ပြည်ထဲ ရေး ဝန်ကြီးဌာနအကြား ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီချက် ၁၀ ချက်တို့ကို အတည်ပြုခဲ့ခြင်း ဖြစ် သည်။

နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲ တက်ရောက်လာသူများ (ဆင်ဟွာ)

သတင်းစာ ရှင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ “လုံခြုံရေး ကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ” ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန အတွင်းဝန် Mr. Mostafa Kamal Uddin တို့ကလည်းကောင်း၊ “မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ် ဆက်ဆံရေး ရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ” ကို ပြည်ထဲရေး ဝန်ကြီးဌာန ကိုယ်စား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Brigadier General Abul Hasnat Moharmmad Khairul Bashar တို့ကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၆ း ၃၀ နာရီခန့်တွင် Horizon Lake View Hotel ၌ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ လုံခြုံရေး ဌာန အတွင်းဝန် Mr. Mostafa Kamal တို့ ပူးတွဲလျက် ယနေ့ တစ်နေ့တာ ဆွေး နွေး အတည်ပြုမှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ (Xinhua)