Connect with us

Politics, Law & Military

မြိတ်မြို့ ကမ္ဘောဇဘဏ်၌ လူ(၁)ဦးမှ သေနတ်ပြလုယက်မှု အမှုဖွင့် ၍ စုံစမ်းလျက်ရှိ

CCTV မှတ်တမ်းအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြိတ်မြို့ ကမ္ဘောဇဘဏ်၌ လူ(၁)ဦးမှ သေနတ်ပြ ၍ ငွေကျပ်သိန်း ၂၇၀ လုယက်မှု နှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်း(ပ) ၂၄၁၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂(လုယက်မှု)ဖြင့် အမှုဖွင့် ၍ အဆိုပါလုယက်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ၁၄း၂၀နာရီ အချိန် မြိတ်မြို့၊ ကန်ဖျားရပ်၊ ကန်ဖျားလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်သို့ အသက်(၃၀)နှစ်ခန့် လူငယ်(၁)ဦး(စိစစ်ဆဲ)သည် ဆိုင်ကယ်စီးဦးထုပ်အဖြူရောင်အား လေကာမှန်ချ လျက်ဆောင်းထားပြီး ရောက်ရှိလာကာ ဘဏ်ဝန်ထမ်းများကို သေနတ်အတို(၁)လက် ပြသခြိမ်းခြောက်၍ ကောင်တာပေါ်ရှိ (၅၀၀၀)ကျပ်တန် ငွေစက္ကူ(၁၀) ထုပ်ပါ(၅)စည်း(ကျပ် ၂၅၀သိန်း)၊ (၁၀၀၀)ကျပ် တန် ငွေစက္ကူ(၁၀)ထုပ်ပါ (၂)စည်း(ကျပ်၂၀သိန်း)၊ စုစုပေါင်း ကျပ်(၂၇၀)သိန်းအား ယူဆောင်၍ ၁၄၂၅ အချိန် ဆိုင်ကယ်ဖြင့် ကန်ဖျားလမ်းမကြီးအတိုင်း ပိတောက်ပင်လမ်းဆုံဘက်သို့ မောင်းနှင်ထွက် ပြေးသွားခဲ့ပါသည်။

အဆိုပါဘဏ်မှ ဝန်ထမ်း(၂)ဦးက ဆိုင်ကယ်ဖြင့် ငွေလုသူနောက်မှ လိုက်သွားသော်လည်း ပိတောက်ပင်လမ်း(၃)ခွဆုံအရောက် မျက်ခြေပြတ်သွားကြောင်းနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး တင်ထွန်း ဦးစီး၍ ကျွဲကူး-ကျောက်ဖျာတံတား၊ သမုတ်ဇက်ဆိပ်၊ ပသောင်း-ကြေးနန်းတိုင်တံတား၊ တနင်္သာရီ တံတား၊ ပုလောတံတားနှင့် ပလောက်တံတားတို့၌ ပိတ်ဆို့ရှာဖွေလျက်ရှိပြီး အဆိုပါ ဘဏ်ရှိ CCTV မှတ်တမ်း များအား ကြည့်ရှု၍ ယခင်ရက်များက ငွေလုယူသွားသူမှ ကြိုတင်လာရောက် လေ့လာမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဆိုင်ကယ်နှင့် ဆိုင်ကယ်ဦးထုပ် အရောင်းဆိုင်များ၌ CCTV များတွင် ငွေလုယူသူ တရားခံလာ ရောက်ခဲ့ဘူးခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွေပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.