Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် မြို့နယ် အတွင်း တရားမဝင် ကျွန်းသစ် ၃၅ တန် ဖမ်းဆီး ရမိ

ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက် မြို့နယ် ၊ မော်ကူး ကျေးရွာ မြောက်ဘက်(၁)မိုင်(၄)ဖာလုံခန့်အကွာနေရာ၌ တရားမဝင် ကျွန်းသစ် စုစုပေါင်း (၁၅၉)လုံး (၃၆.၅၅၀၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တရားမဝင် သစ်ခိုးယူစုဆောင်းခြင်းအား မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စုံစမ်း ရှာဖွေ ဖော်ထုတ်ခဲ့ရာ ဇူလိုင် ၃၁ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိ သစ်များနှင့် ဆက်စပ်ပတ်သက် သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)