Connect with us

Politics, Law & Military

အာဆီယံ SME အစည်းအဝေးတွင် ဆုရ မြန်မာထုတ်ကုန်များ ပြသရန် ဒုသမ္မတ မှာကြား

SME ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက SME ထုတ်ကုန်ပြခန်းများတွင် ကြည့်ရှုစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၈ နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့အထိ ငါးရက်တိုင် လက်ခံ ကျင်းပ မည့် ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စား ပူးပေါင်းဆောင်ရွက် ရေး ကော်မတီ (ACCMSME) အစည်းအဝေးတွင် မြန်မာ SME လုပ်ငန်းရှင်များက မိမိတို့၏ ဆုရ ထုတ်ကုန်များကို ပါဝင်ပြသရန် SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ နေ့လယ်တွင် ပြောကြားခဲ့သည်။

“အဲဒီ ငါးရက်တာ အစည်းအဝေးမှာ မိမိတို့ MSMEs ပြပွဲပြိုင်ပွဲများမှ ဆုရ လုပ်ငန်းရှင်များနဲ့ အခြား ပြိုင်ပွဲဝင် လုပ်ငန်းရှင်များရဲ့ ‘Made in Myanmar’ ထုတ်ကုန်များကို ပြသစေလိုပါတယ်၊ မြန်မာ့ ထုတ် ကုန်တွေကို အာဆီယံနဲ့ နိုင်ငံတကာမှ ဧည့်သည်တွေက လေ့လာနိုင်မှာ ဖြစ်သလို ပြည်တွင်း MSMEs များအတွက်လည်း နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါတယ်” ဟု ဒုတိယ သမ္မတ က ပြောခဲ့သည်။

ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မီဒီယာများကို ဖြေကြားစဉ် (ဆင်ဟွာ)

ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို စီစဉ်ထားရှိရာ ACCMSME အစည်းအဝေး၊ ASEAN + 3 (ဂျပန်၊ ကိုရီးယား၊ တရုတ်) အစည်းအဝေး၊ ဂျပန်နှင့် Financial symposium အလုပ်ရုံ ဆွေးနွေးပွဲ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း (OECD) အလုပ်ရုံ ဆွေးနွေးပွဲများ ပါဝင်ကြောင်း၊ ပြည်တွင်းထုတ်ကုန် ပြပွဲ ပြိုင်ပွဲများတွင် ဆုရ လုပ်ငန်းရှင်များနှင့် ဆု မရသော်လည်း အလားအလာ ရှိသည့် ပြိုင်ပွဲဝင် လုပ်ငန်းအချို့ကို အာဆီယံဒေသတွင်းသာမက နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရေး လုပ်ငန်းရှင် အချင်းချင်းချိတ်ဆက်ဆွေးနွေးပွဲများ၊ Trade Show များ၌ ပါဝင်ပြသနိုင်ရေး အခွင့်အလမ်းများကို အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) မှ တစ်ဆင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသအလိုက် Action plan များ ရေးဆွဲပြီး target ထား၍ ဒေသတွင်း MSME များကို ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ လိုကြောင်း၊ ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများ နှင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်ဂျက်ငွေများ လျာထားပြီး ကျယ် ကျယ်ပြန့်ပြန့် လက်တွေ့ ပံ့ပိုးနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားကြရန်၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ အကြိမ် MSMEs ဒေသတွင်း ထုတ်ကုန်ပစ္စည်း ပြပွဲများကို မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် ကျင်းပခဲ့ပြီး ကျန် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အလှည့် ကျ ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ကောင်းမွန်စွာ ကျင်းပနိုင်ရေး၊ MSMEs များအား အမှန်တကယ် ပံ့ပိုး ကူညီနိုင်ရေး၊ ဈေးကွက် ချိတ်ဆက်ပေးနိုင်ရေးတို့အတွက် အမြင် အမျိုးမျိုးဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ဒုတိယ သမ္မတက တိုက်တွန်း ပြော ကြားခဲ့သည်။

၎င်းက စက်မှုဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်ခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ၏ (၂/ ၂၀၁၈) အစည်းအဝေးတွင် တိုက်တွန်း ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ထို အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ် များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ ပညာရှင် များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.