Connect with us

Politics, Law & Military

တနင်္သာရီတိုင်းတွင် တရားမဝင် မီးသွေးဖိုများ ဖမ်းဆီး

တရားမ၀င် မီးသွေးဖိုများကို ဖျက်ဆီးနေစဉ်(သစ်တောဦးစီး)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက်နေ့တွင် တရားမဝင် မီးသွေးဖိုများ ဖမ်းဆီးခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်မှုအား စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တုံးဗြဲကျေးရွာအရှေ့တောင်ဘက်(၄)ဖာလုံခန့်အကွာ၊ ရေဆုံချောင်းကမ်းဘေးနေရာ၌ တရားမဝင်မီးသွေးဖို(၄)ဖိုအား စစ်ဆေးတွေ့ရှိသဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး မီးသွေးဖိုများနှင့် ဆက်စပ်ပတ်သက်သူ များအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.