Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀၀ အနက်ရှိ ချောက်အတွင်း ကားထိုးကျပြီး နှစ်ဦးသေ ၆ဦး ဒဏ်ရာရရှိ

မင်းကင်း -ကလေးဝကားလမ်းအနီး ချောက်အတွင်း ကားတစ်ဦးထိုးကျနေမှုအား တွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မင်းကင်း -ကလေးဝကားလမ်း မိုင်တိုင်အမှတ်(၇၉/၈၀)ကြားတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀၀ အနက်ရှိ ချောက်အတွင်း ထိုးကျပြီး လူ ၂ဦးသေကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မုံရွာမြို့၊ အလုံရပ်ကွက်နေ ဇေနိုင်လင်း မောင်းနှင်လာသော 6N/×××× KOREA STRECK ခဲရောင်ယာဉ်သည် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ပေ(၃၀၀) ခန့်အနက်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ကြောင်း၊ အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၂)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင်သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဇင်နိုင်လင်း (ခ)မင်းမင်းထွေးပါ(၆)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ဇင်နိုင်လင်း (ခ)မင်းမင်းထွေး အား မင်းကင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.