Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၈၃၆၃.၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၈၃၆၃.၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့ ၀၉း၁၅ နာရီ တွင် တပ်မတော်မှ မဘိမ်းမြို့နယ်၊ ဒေသအခေါ် ကျောက်လုံးကြီး ကျေးရွာအနီးတွင် ကို— မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ မြန်မာငွေကျပ် ၂ သိန်းတွေ့ရှိရပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၂း၃၀နာရီ ကျောက်လုံးကြီးကျေးရွာရှိ လူမနေသည့်တဲအား ဝင်ရောက်ရှာဖွေရာ တဲအတွင်းရှိဆာလာအိတ်များနှင့် ကော်ပုံးများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၈,၀၀၀ ပြားနှင့် ဆပ်ပြာခွက်(၅၂၈) ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၅.၂၈ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူအား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.