Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးတို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallian အား ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းတို့ တွေ့ဆုံရာတွင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်းစုံနှင့် ဖွဲ့စည်းထားသော ယန္တရားကြီး ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ခုအနေဖြင့် မဖြေရှင်းနိုင်သည့် စိန်ခေါ်မှုများ၊ ကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကမ္ဘာကြီးကို ဦးဆောင်မှုပြုနေရသည့် အဖွဲ့အစည်းကြီးဖြစ်၍ သမာသမတ်ရှိရန်၊ ဘက်လိုက်မှုမရှိရန် လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။

တပ်မတော်အနေဖြင့်လည်း ကလေးစစ်သားပပျောက်ရေး အပါအဝင် ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်နေမှုကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ကိုက်ညီသော တပ်မတော်ဖြစ်ရေးအတွက် Standard Army အဖြစ်တည်ဆောက်နေမှု အခြေအနေများ၊ ကုလသမဂ္ဂအနေနှင့် မျှတစွာရပ်တည်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကို များစွာ အထောက်အကူပြုနိုင်သည့် အခြေအနေများအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.