Connect with us

Politics, Law & Military

NCA အကောင်အထည် ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး၌ အချက် ၂၁ ချက်ကို ဆွေးနွေး

NCA အကောင်အထည် ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒုတိယနေ့ အစည်းအဝေးတွင် အချက် ၂၁ ချက်ကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက် အထိ ကျင်းပသည့် နှစ်ရက်တာ အစည်းအဝေးတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ တင်ပြသောNCA နှင့်ပတ်သက်သည့် အချက်၂၁ ချက်အနက် အများစုကို ဆွေးနွေးနိုင်ခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင် များ၏NCA အပေါ်ထားရှိသည့် အမြင် နှင့် သဘောထားများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိခွင့်ရခဲ့ကြောင်း ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

”နှစ်ရက်တာ ကာလ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင် တွေကနေ အဆိုပြုချက် ၂၁ ချက်ကို အဆိုပြုတယ်။ အဲဒီထဲမှာ တစ်ဝက် လောက်ကို အကျေအလည် ဆွေးနွေး နိုင်တယ်။ ကျန်တဲ့အချက်တွေရဲ့ သဘော ထားတွေကို သိရှိခွင့်ရတယ်။ ဒီအချက် အလက်တွေပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက မြင်တဲ့ အမြင်တွေ၊ သဘောထားတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခွင့်ရပြီး ကျွန်တော်တို့ဘက်က သဘောထားတွေကိုလည်း တိုင်းရင်းသား ခေါင်းဆောင်တွေကို ရှင်းပြနိုင်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးက ရရှိလာသည့် ရလဒ်များအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး (JICM)တွင် ပြန်လည်၍ ဆွေးနွေးဆုံးဖြတ်ရန် အတွက် နေပြည်တော်တွင် ပြုလုပ်မည့့်် UPDJC အစည်း အဝေးကျင်းပမည့် ရက်သတ်မှတ်ရန် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ထံ ပြောကြားထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောကြားသည်။

NCA စာချုပ်ပါ နိုင်ငံရေးဆွေးနေးွမှု မူဘောင်(Framework)၊ လုပ်ထုံး လုပ်နည်း ToR နှင့် တည်ဆောက်မှု (Structure) အပိုင်းများနှင့် ပတ်သက်၍ နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပြန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.