Connect with us

Politics, Law & Military

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအရေးယူလျက်ရှိ

ယာဉ်အန္တရာယ် လျှော့ချရေးလက်ကမ်းစာစောင်ဝေနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအရေးယူ လျက်ရှိပြီး အောက်တိုဘာ ၂၄ ရက် နှင့် ၁၅ ရက် ၂ ရက်အတွင်း အရေးယူထားသည့် ယာဉ်အစီးရေ ၆၇ စီးရှိကြောင်း၊ ၎င်းမော်တော်ယာဉ်များအား ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ ၁၈း၀၀ အချိန် မှ အောက်တိုဘာလ ၂၅ ရက်နေ့ ၁ရး၀၀ အချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၂၀၁)နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်သည့် မော်တော်ယာဉ်(၂၀)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုး ဂိတ်၌ မော်တော်ယာဉ် (၇)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၁၂)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုး ဂိတ်၌ မော်တော်ယာဉ် (၉)စီး၊ ဖြူးမြို့နယ် (၁၁၅)မိုင်ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် (၁၄)စီး၊ပဲခူးမြို့နယ် ဘောနတ်ကြီးမီနီ တိုးဂိတ်၌ မော်တော်ယာဉ် (၄)စီး၊ ဥတ္တရသီရိမြို့နယ် ပန်းတင်မီနီတိုးဂိတ်၌ မော်တော်ယာဉ် (၁)စီး၊ စုစုပေါင်း(၆၇)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.