Connect with us

Politics, Law & Military

တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုတို့တွင် တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးများ ခန့်အပ် တာဝန်ပေး

မွန်ပြည်နယ် ဝန်ကြီးများခန့်အပ် တာဝန်ပေးချင်း အမိန့်ကို တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုတွင် အစိုးရအဖွဲ့ ဝန်ကြီးများ ခန့်အပ် တာဝန် ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဧပြီလ ၅ ရက်တွင် အမိန့်ထုတ်ပြန်သည်။

မွန်ပြည်နယ်တွင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး (စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးမင်းထင်အောင်ဟန် (လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန)၊ ဒေါက်တာထိန်လင်း (လူမှုရေးဝန်ကြီးဌာန)၊ ဦးထွန်းဌေး (စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါက်တာမင်းကြည်ဝင်း(ခ) နိုင်ကြည်ဝင်း (သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) ၊ ဦးဝဏ္ဍကျော် (စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန) တို့အား ခန့်အပ် တာဝန် ပေးအပ်ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီးတွင် ဒေါက်တာရဲလွင် (စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊ ဗိုလ်မှူးကြီး မျိုးမင်းအောင် (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးဇာနည်အောင် (လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှု ဝန်ကြီးဌာန)၊ ဒေါက်တာစိုးသန်း(ခ) ဦးကျော်စိုးသန်း (စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန)၊ ဦးမျိုးသစ်(ခ) ဦးပါလေး (သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) ၊ ဦးမြတ်သူ (စီမံကိန်း၊ ဘဏ္ဍာရေး၊ ဝန်ကြီးဌာန) တို့အား ခန့်အပ် တာဝန် ပေးအပ်ခဲ့သည်။
မကွေးတိုင်း ဒေသကြီးတွင် ဗိုလ်မှူးကြီး နိုင်ဦး (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးတင်နွယ်ဦး (ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးစိုးမြင့် (စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊ ဒေါက်တာ ခင်မောင်အေး (သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန)၊ ဦးဇော်မင်း (စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန)၊ ဦးမြင့်ဇော် (အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန) တို့အား ခန့်အပ်ခဲ့ကြောင်း သိရသည်။
တနသာၤရီတိုင်းဒေသကြီးတွင် ဗိုလ်မှူး ကြီးဇော်လွင် (လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးဖြိုးဝင်းထွန်း (စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးဟိုပင် (လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန)၊ ဦးမြင့်မောင် (သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဦးကြည်လှိုင် (လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဦးမြင့်စန်း (စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန) တို့အားခန့်ခဲ့သည်။
စစ်ကိုင်း တိုင်းဒေသကြီးတွင် တနင်္သာရီ တိုင်းဒေသကြီးတွင် ဗိုလ်မှူးကြီး ကျော်သန့်နိုင် (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးစိုးဦး (စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမြင့်ကြည် (စည်ပင်သာယာရေး ဝန်ကြီးဌာန)၊ ဦးကမ်ဇာမုံ (စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန) ၊ ဒေါက်တာဇော်ဝင်း (လူမှုရေးဝန်ကြီးဌာန) ၊ ဦးသန်းညွန့်ဝင်း (လျှပ်စစ်၊စက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန) တို့အား ခန့်ခဲ့သည်။
ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီး အောင်လွင် (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးသန်းနိုင် (စီမံကိန်း နှင့်ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန)၊ ဒေါက်တာ တင်ဝင်းကျော် (လူမှုရေး ဝန်ကြီးဌာန)၊ ဦးစောပြည်သာ (သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန)၊ ဦးစိုးလှိုင် (လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဦးစောမြင့်ဦး (စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန) တို့အား ခန့်ခဲ့သည်။
ကချင်ပြည်နယ်တွင် ဗိုလ်မှူးကြီး သူရမျိုးတင် (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးဝေလင်း (ဘဏ္ဍာအခွန် စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန)၊ ဦးဝင်းညွန့် (လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန) ၊ ဦးမြသိန်း ( စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊ ဦး Hလအောင် (သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) ၊ ဦးနေဝင်း (စည်ပင်သာယာရေး ဝန်ကြီးဌာန)၊ ဒေါက်တာသင်းလွင် (လူမှုရေးဝန်ကြီးဌာန) တို့အား ခန့်အပ် တာဝန်ပေးခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီးတွင် ဗိုလ်မှူးကြီး တင်အောင်ထွန်း (လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန) ၊ ဦးမြင့်သောင်း (စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး)၊ ဦးဟံထွန်း( စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တော နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဒေါ်နီလာကျော် (လျှပ်စစ် စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးမောင်မောင်စိုး (စည်ပင်သာယာရေး ဝန်ကြီးဌာန) ၊ ဦးနိုင်ငံလင်း (လူမှုရေး ဝန်ကြီးဌာန) တို့အား ခန့်အပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.