Politics, Law & Military
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များအား ခန့်အပ် တာဝန်ပေးကြောင်း အမိန့် ထုတ်ပြန်
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များ၏ သဘောတူညီချက် ရရှိပြီးသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ် တာဝန်ပေးကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့အမိန့် ထုတ်ပြန်လိုက်သည်။
၎င်းဝန်ကြီးချုပ်များမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည့် လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဖြိုးမင်းသိန်းက ယနေ့ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မှဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်မိုးညို ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဇော်မြင့်မောင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီတို့အား ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)