Connect with us

Politics, Law & Military

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းကြောင်း သမ္မတရုံးမှ ကြေညာချက် ထုတ်ပြန်

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းကြောင်း သမ္မတရုံးမှ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် သမ္မတ တာဝန် စတင် ဆောင်ရွက်သည့် ယနေ့တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖွဲ့စည်းကြောင်း သမ္မတရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီကို အဖွဲ့ဝင် ၁၁ ယောက်နှင့် ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ ဒုတိယသမ္မတ နှစ်ဦးဖြစ်ကြသည့် ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ပါဝင်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) ပါပြဌာန်းချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်ကြောင်းသိရသည်။ (Xinhua)