Connect with us

Politics, Law & Military

တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဌာန ဝန်ကြီးများ ခန့်အပ် တာဝန်ပေး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း အမိန့်ကြေညာစာအား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးများ အား ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ခန့်အပ် တာဝန်ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၇/၂၀၁၆ ဖြင့် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ ဦး ခန့်အပ်ခဲ့ပြီး ဗမာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးခင်မောင်မြင့် (ခ) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးစိုင်းစိန်လင်း၊ လီဆူ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးအားတီယောဟန်၊ ရဝမ် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန တွင် ဦးရန်နမ်းဖုန် အား ခန့်အပ်ခဲ့သည်။
ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန တွင် ဦးလှမျိုးဆွေအား ခန့်အပ်ခဲ့သည်။ ကရင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တွင် ဦးတေဇထွဋ်လှိုင်ထွေး၊ မွန်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန တွင် ဦးမင်းတင်ဝင်း၊ ပအိုးဝ်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးခွန်မျိုးတင့် တို့အား ခန့်အပ် တာဝန် ပေးအပ်ခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဒေါ်မွှေးမွှေးခင်၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးလာလ်ထောင်ထန်း အား ခန့်အပ်ခဲ့သည်။
တနင်္သာရီ တိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးစောလုကာ၊ ပဲခူးတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဒေါ်နော်ပွယ်ဆေး၊ မကွေးတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးလှထွန်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးလှထွန်းအား ခန့်အပ်ခဲ့သည်။
မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန တွင် ဦးရွှေမြင့်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးဌာနတွင် ဒေါ်စံဝင့်ခိုင်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနတွင် ဦးအောင်မြင့်ခိုင် တို့အား ခန့်အပ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးပုန်ဘွေ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန တွင် ဒေါ်ပန်းသဉ္ဇာမျိုး၊ ရခိုင် တိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီးဌာနတွင် ဦးဇော်အေးမောင်တို့အား ခန့်အပ် တာဝန် ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဒေါက်တာအောင်သန်းမောင်၊ ကချင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးဇုတ်ဒေါင်၊ လီဆူတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးဂူဆာ၊ လားဟူတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဦးယောသပ်၊ အခါတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန တွင် ဦးအာဗေလှ၊ အင်းသား တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဌာနတွင် ဒေါက်တာထွန်းလှိုင်၊ ကယန်းခေါ် ပဒေါင် အင်းသား တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဌာန တွင် ဦးခွန်အေးမောင်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ကရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဌာန ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဌာနတွင် ဦးတင်စော တို့အား ခန့်အပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.