Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး၏ ဆောင်ရွက်မှုများ လွှတ်တော် နာယက ရှင်းပြ

ပြည်ထောင်စာလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အတွင်း ဆယ်ရက် ကျင်းပ ပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကာလအတွင်း ဆောင်ရွက် ပြီးစီးမှု များကို လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းပြခဲ့သည်။

“တတိယ ပုံမှန် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်၌သာ ဆွေးနွေး ဆုံးဖြတ်ရမယ့် ၂၀၁၆ – ၂၀၁၇ ခု ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲေ၀ သုံးစွဲရေး ဥပဒေကြမ်းကို ဦးစားပေး အဖြစ် ဆွေးနွေး အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတော် သမ္မတထံ လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့ထားပြီး ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် နဲ့အမျိုးသား လွှတ်တော်တို့က စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်းများအနက် ရပ်ကွက် ၊ သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့နိုင်ငံ့ ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြု ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကလည်း နိုင်ငံအတွက် အရေးကြီး တဲ့ အမျိုးသား မြေ အသုံးချမှု မူဝါဒ (National Land Use Policy) နဲ့ အမျိုးသားအဆင့် ရေမူဝါဒ (Myanmar National Water policy) တို့အပေါ် လက်ရှိ အခြေအနေ နဲ့ လိုက်လျော ညီထွေမှု ရှိတဲ့ ပြင်ဆင်မှု များ ကို ပြုလုပ်နိုင်ဖို့အတွက် လေ့လာ တွေ့ရှိချက်နဲ့ သုံးသပ် အကြံပြုချက် အစီရင်ခံစာများကို လွှတ်တော်သို့ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု အစိုးရ အဖွဲ့သို့သုံးသပ်ဆောင်ရွက်ရန် ပေးပို့နိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး၏ နောက်ဆုံးနေ့တွင် နာယက က ပြောခဲ့သည်။

ဦးမန်းဝင်းခိုင်သန်းက “မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ် ငွေရေး ကြေးရေး စနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာ တို့ကို လွှတ်တော်သို့ရှင်းလင်း တင်ပြ ဆွေးနွေးခြင်း၊ မြန်မာ နိုင်ငံက ပါဝင် လက်မှတ်ရေးထိုးဖို့ လိုအပ်တဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် သုံးခု အပါအဝင် ပြည်ပ ချေးငွေ ဆိုင်ရာ ကိစ္စ ငါးခု၊ ပြည်ထောင်စု အစိုးရ အဖွဲ့က ပေးပို့ထားတဲ့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ကာလအတွက် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနဲ့ပြည်ထောင်စု ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ အစီရင်ခံစာ တို့ကိုလည်း ဆွေးနွေး အတည်ပြု ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

၂၀၁၆ – ၂၀၁၇ ခုဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ယခု၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက် သွားကြရန်လည်း ၎င်းက မှာကြားခဲ့သည်။“မြို့နယ် ၃၂၅ မြို့နယ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များ ဖွဲ့စည်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ခွင့်နဲ့ ရန်ပုံငွေ သုံးစွဲခွင့်များ စိစစ် ထုတ်ပြန်ပေးခြင်း တို့ကို ဆောင်ရွက် ပေးထားပြီး ဖြစ်ပါ တယ်၊ မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များ အနေနဲ့ အကြောင်း ကိစ္စ အမျိုးမျိုး ကြောင့် လုပ်ငန်း ပြောင်းလဲ ဆောင်ရွက်ခွင့် တင်ပြလာမှုများကိုလည်း စိစစ် ခွင့်ပြုပေးလျက် ရှိပါတယ်။ ဘဏ္ဍာရေး နှစ် ကုန်ဆုံးဖို့ သုံးလခန့့်သာ ကျန်တော့တဲ့ အတွက် လုပ်ငန်းပြောင်း ဆောင်ရွက်ခွင့်များကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား တင်ပြကြပြီး သတ်မှတ် ဘဏ္ဍာရေးနှစ်ကာလအတွင်း လုပ်ငန်း များ ကို အပြီး ဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းအားလုံး ဆောင်ရွက် ပြီးစီးကြောင်း ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်း ခြင်း နဲ့ သုံးစွဲခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနဲ့အညီ သတ်မှတ် ပုံစံ (၃)ဖြင့် တင်ပြ ဆောင်ရွက်သွားကြဖို့ အသိပေး မှာကြားလိုပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက က ပြောခဲ့သည်။ (Xinhua)