Connect with us

Politics, Law & Military

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ငွေကျပ် ၂,၉၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားစိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ငွေကျပ် ၂,၉၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် ၁၉း၄၅ နာရီ တွင် မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ငဖဲမြို့နယ်၊ ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရှာဖွေခဲ့ကြောင်းသိရသည်။

၎င်းမော်တော်ယာဉ်ပေါ်မှ ခရီးသည် လှသိန်း၏ဆာလာအိတ် အားရှာဖွေစဉ် ဆာလာအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၉,၅၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် လှသိန်း(၂၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)