Connect with us

Politics, Law & Military

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်၌ တရားမဝင်ပိတောက်/အခြားသစ် ရောရာတန်(၄၀) သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ်၁၀ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်၌ တရားမဝင်ပိတောက်/အခြားသစ် ရောရာတန်(၄၀) သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၈ရက်နေ့ နံနက် ၆း၀၅နာရီ တွင် လောင်းလုံးမြို့နယ်၊ ရှင်မော်တောင်အငူ၏ အနောက် တောင်ဘက် ရေမိုင်(၃၀)ခန့်အကွာ ပင်လယ်ပြင်၌ မောရဝတီရေတပ်စခန်းဌာနချုပ်မှ အမှတ်(၄၂၂)ကမ်းတက်စစ်ရေယာဉ် ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် စစ်ရေယာဉ်မှ(၃)မိုင်ခန့်အကွာတွင် အရှေ့ဘက်မှ အနောက်ဘက် သို့ မောင်းနှင်နေသော မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်နေ အောင်ကျော်(၄၅)နှစ်ပါ(၇)ဦး လိုက်ပါ လာသော”ပြည့်ပြည့်အောင်” အမည်ရှိ အလျား ၆၃ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၈ ပေခန့် စက်လှေ ၁ စီးအား မသင်္ကာဖွယ်တွေ့ရှိခဲ့ရာမှ အဆိုပါတရားမဝင်သစ်များအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းစက်လှေအားစစ်ဆေးခဲ့ရာ တရားမဝင် ပိတောက်/အခြားသစ် ရောရာ(၄၀)တန် သိမ်းဆည်းရမိခဲ့သဖြင့် လောင်းလုံမြို့နယ်သစ်တောဦးစီးဌာနမှ အရေးယူပေးရန်တိုင်တန်းချက်အရ အောင်ကျော် အပါအဝင် (၇)ဦးအား လောင်းလုံးမြို့မရဲစခန်း (ပ)၁၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)